Tuesday, January 17, 2012

နယူးဇီလန်ရောက် ဇာတ်မင်းသားလေး ဖိုးချစ်နှင့်အဖွဲ့ 


နယူးဇီလန် အော့က်လန်မြို့ မက်စီအထက်တန်းကျောင်း (Massey High School) တွင်
၂၀၁၁ အောက်တိုဘာ ၂၄ ရက်နေ့က ဖိုးချစ်တို့အဖွဲ့ မြန်မာ့ရိုးရာ အဆိုအကများနဲ့ ဖျော်ဖြေခဲ့ကြစဉ်။
(ထို ဖျော်ဖြေပွဲကို မေမြို့၊ ပြင်စာကျေးရွာရှိ သုခမေတ္တာ မိဘမဲ့ကျောင်း ရန်ပုံငွေပွဲအဖြစ် ကျင်းပခြင်း ပါတယ်။)
ဓါတ်ပုံများကိုကြည့်ရန် အပေါ်ကပုံကို နှိပ်ပါ

Saturday, November 5, 2011

သြော် ... ဘ၀ ... ဘ၀ ...

 (စကားလုံးမဲ့ စာနာကြေကွဲမှု) - ကြုံရဆုံရဘုံဘ၀မှာ တချို့တချို့သောလူတွေအတွက် သိပ်ကို လွယ်ကူပေါ များလွန်းတဲ့ ၀တ္ထုပစ္စည်းတွေဟာ တချို့တချို့သောသူတွေအတွက်တော့ အရမ်းကို ရှားပါးခက်ခဲနေတတ်ပါ တယ်။ ချစ်ကောင်း ဆိုထားတဲ့ သီချင်းလေးကို အမှတ်ရမိတယ် “တချို့ကျတော့ သိပ်ခက်တယ်၊ တချို့ကျ တော့ သိပ်ကံကောင်း၊ တချို့ကျတော့ အရမ်းကို ဟုတ်နေကြတယ်လေ” တဲ့။ သြော် ... ဘ၀ ... ဘ၀ ...။
(FB-Pinoy Stars)

Friday, October 28, 2011

ရုရှားရောက် မြန်မာ စစ်ဗိုလ် များရဲ့  တပ်မတော်သာအမိ- တပ်မတော်သာ အမ ယိမ်း


‘’ တပ်မတော်သာအမိ- တပ်မတော်သာ အမ’’ ယိမ်း ။

ရုရှားမှ မြန်မာစစ်ဗိုလ်များရဲ့ ၂၀၁၀ ပြည်ထောင်စုနေ့က မြန်မာ့ရိုးရာ အတာသင်္ကြန် သရုပ်ပြပွဲ


Wednesday, October 26, 2011

Action Aid အဖွဲ့ ရဲ့ သံတမန် အဖြစ် မြန်မာနိုင်ငံကို လာရောက် လေ့လာသူ အော်စကာဆုရ ဗြိတိန် နိုင်ငံသူ ရုပ်ရှင်မင်းသမီး Emma Thompson နှင့် အဖွဲ့တို့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က လာရောက်တွေ့ဆုံစဉ်။

Monday, September 26, 2011

(၄)နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပါတ်လည်နေ့ နယူးဇီလန်နိုင်ငံတွင်ကျင်းပပြုလုပ်(ဓာတ်ပုံသတင်း)



သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (နယူးဇီလန်) က ကြီးမှူး ကျင်းပတဲ့ (၄) နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ အခမ်းအနားကို နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့ရှိ ရတနာဒီပဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်၊ အခမ်းအနား မစတင်မီ ဘုန်းတော်ကြီးများအား နေ့ဆွမ်း ကပ်လှူကြပါတယ်။