Tuesday, September 11, 2012

.မနက်ဖြန်....ဆိုတဲ့.ပါဖော့မန့်.

ဆရာရွှေထူးလွှတ်မြောက်ရေး..နဲ.ကျန်ရှိနေသော.နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေး.အတွက်..မနက်ဖြန်....ဆိုတဲ့.ပါဖော့မန့်.တခုကို.ပြသနေသော.ဆူးမြင်သိန်း...မန္တလေးမြို..မစိုမ်းရိပ်.ကံတက်ကုန်း.ဘုန်းတော်ကြီး.ပညာရေး..သင်တန်းကျောင်း....

Monday, September 3, 2012

ကိုကြီးမင်းကိုနိုင် နှင့် မစုစုနွေး တို့ John Humphrey ဆု ဂုဏ်ပြုလက်မှတ် လက်ခံရယူစဉ် ... ။



ကနေဒါနိုင်ငံအခြေစိုက် Rights & Democracy အဖွဲ့မှ ပေးအပ်သော
John Humphrey
ဆုကို ၁၉၉၉ ခုနှစ် ၌ ဒေါက်တာစင်သီယာမောင်နှင့် ပူးတွဲ ရရှိခဲ့သော မင်းကိုနိုင်အား မြန်မာနိုင်ငံ သို့ ခေတ္တရောက်ရှိနေသည့်
ဒေါက်တာသောင်းထွန်းက ဆုတံဆိပ်လာရောက်ပေးအပ်ခဲ့သည်... ။

John Humphrey ဆုသည် လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စား၊ ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်ကြသည့် ထင်ရှားသူများကို ရွေးချယ်ပေးအပ်သော ဂုဏ်သိက္ခာမြင့်မားသည့် ဆုတစ်ခုဖြစ်သည်။ထိုဆုကို ၂ဝဝ၆ ခုနှစ်က ရရှိခဲ့သော မစုစုနွေးကိုလည်း ပေးအပ်ခဲ့သည်။

( ၃၊၉၊၂ဝ၁၂ ။ ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ရုံးခန်း )