Thursday, April 14, 2011

၂၀၁၁ ခုနှစ် ရန်ကုန် မန္တလေး နဲ့ နေပြည်တော် သင်္ကြန်မြင်ကွင်း

  
သင်္ကြန်အကျနေ့ တပ်မတော်ခန်းမရှေ့ ယာဉ်မတော်တဆမှုဖြစ် ကိုးဦးဒဏ်ရာရ
 
ရန်ကုန် ဧပြီ ၁၄။
သင်္ကြန် အကျနေ့ ဧပြီ ၁၄ရက်က ရန်ကုန်မြို့ ဦးဝိစာရလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ ကားပေါ်ပါသူ ကိုးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
ယနေ့ နံနက် ၁၀နာရီခွဲခန့်တွင် ဦးဝိစာရလမ်းအတိုင်း မောင်းနှင်လာသော ဆန်းထွန်းအင်ဂျင်နီယားရင်းလုပ်ငန်းပိုင် လိုက်ထရပ်ကားတစ်စီးသည် လမ်းပေါ်တွင် စလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ တပ်မတော်ခန်းမရှေ့ရှိ သံတံခါးတိုင်ကို ၀င်ရောက်တိုင်မိခဲ့သည်။ ကားခေါင်းပိုင်းတစ်ခုလုံး ကြေမွပျက်စီးသွားပြီး ကားပေါ်ပါ သူများ အားလုံး ထိခိုက်ဒဏ်ရာရသွားကြောင်းသတင်းရရှိသည်။
`ကားခေါင်းခန်းပါတဲ့ နှစ်ယောက်ကတော့ အတော်အခြေအနေဆိုးတယ်ဗျ`ဟု မျက်မြင်သက်သေတစ်ဦးက သင်္ကြန်သတင်းအဖွဲ့ကိုပြောပြသည်။
ဒဏ်ရာရသူအားလုံးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ဆေးကုသမှုခံယူစေပြီး သက်ဆိုင်ရာက ဥပဒေကြောင်းအရ အမှုဖွင့်အရေးယူထားကြောင်း စုံစမ်းသိရှိရသည်

No comments:

Post a Comment