Saturday, April 20, 2013

၂၀၁၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် (အောင်ကလန်မြို့ ၊ နယူးဇီလန်)


၂၀၁၃ ခုနှစ် (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို နယူးဇီလန်နိုင်ငံ၊ အောင်ကလန်မြို့ မှာ ကျင်းပခဲ့ပါတယ်။
နယူးဇီလန်နိုင်ငံရောက် မြန်မာနိုင်ငံသား များနှင့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပြီး၊ မြန်မာ့ရိုးရာ မုန့် ဟင်းခါးဖြင့် ဧည့်ခဲကျွေးမွေးခဲ့ပါတယ်။



Wednesday, October 17, 2012

အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ အိုဘားမား၏ အထူးလက်ထောက် Ms. Samantha Powerနှင့်အဖွဲ့ ဒေါ်အောင်ဆန်းစု ကြည်အား လာရောက်တွေ့ ဆုံ


အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ အိုဘားမား၏ အထူးလက်ထောက် Ms. Samantha Powerနှင့်အဖွဲ့ ဒေါ်အောင်ဆန်းစု ကြည်အား ယနေ့နံနက် 10:00 မှ 10:40 အထိ နေပြည်တော်ရှိ Auriun Palace Hotel တွင် လာရောက်တွေ့ ဆုံ နှုတ်ဆက် ဆွေးနွေးခဲ့စဉ်။

Tuesday, September 11, 2012

.မနက်ဖြန်....ဆိုတဲ့.ပါဖော့မန့်.

ဆရာရွှေထူးလွှတ်မြောက်ရေး..နဲ.ကျန်ရှိနေသော.နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေး.အတွက်..မနက်ဖြန်....ဆိုတဲ့.ပါဖော့မန့်.တခုကို.ပြသနေသော.ဆူးမြင်သိန်း...မန္တလေးမြို..မစိုမ်းရိပ်.ကံတက်ကုန်း.ဘုန်းတော်ကြီး.ပညာရေး..သင်တန်းကျောင်း....

Monday, September 3, 2012

ကိုကြီးမင်းကိုနိုင် နှင့် မစုစုနွေး တို့ John Humphrey ဆု ဂုဏ်ပြုလက်မှတ် လက်ခံရယူစဉ် ... ။



ကနေဒါနိုင်ငံအခြေစိုက် Rights & Democracy အဖွဲ့မှ ပေးအပ်သော
John Humphrey
ဆုကို ၁၉၉၉ ခုနှစ် ၌ ဒေါက်တာစင်သီယာမောင်နှင့် ပူးတွဲ ရရှိခဲ့သော မင်းကိုနိုင်အား မြန်မာနိုင်ငံ သို့ ခေတ္တရောက်ရှိနေသည့်
ဒေါက်တာသောင်းထွန်းက ဆုတံဆိပ်လာရောက်ပေးအပ်ခဲ့သည်... ။

John Humphrey ဆုသည် လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စား၊ ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်ကြသည့် ထင်ရှားသူများကို ရွေးချယ်ပေးအပ်သော ဂုဏ်သိက္ခာမြင့်မားသည့် ဆုတစ်ခုဖြစ်သည်။ထိုဆုကို ၂ဝဝ၆ ခုနှစ်က ရရှိခဲ့သော မစုစုနွေးကိုလည်း ပေးအပ်ခဲ့သည်။

( ၃၊၉၊၂ဝ၁၂ ။ ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ရုံးခန်း )

Friday, July 20, 2012


ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ခံ ထားရသူ ၇ဦး နှင့် ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင်ရန် ၄ဦးတို့ အား ယနေ့ ဇူလိုင်လ(၂၀)ရက်နေ့ တွင် တွေ့ ရစဉ်...



ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက်
ဒေါ်ခင်ကြည်ရဲ့ အရိပ်အဖြစ် သရုပ်ဆောင်ရန်
ရွေးချယ်ထားသူများအထဲမှ.... မဇာခြည်လင်း....။