Monday, September 26, 2011

(၄)နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပါတ်လည်နေ့ နယူးဇီလန်နိုင်ငံတွင်ကျင်းပပြုလုပ်(ဓာတ်ပုံသတင်း)



သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (နယူးဇီလန်) က ကြီးမှူး ကျင်းပတဲ့ (၄) နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ အခမ်းအနားကို နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့ရှိ ရတနာဒီပဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်၊ အခမ်းအနား မစတင်မီ ဘုန်းတော်ကြီးများအား နေ့ဆွမ်း ကပ်လှူကြပါတယ်။

Thursday, July 21, 2011

၂၃ နှစ်မြောက် ရှစ်လေးလုံးနေ့ ကို နယူးဇီလန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက ပြုလုပ်မည်

    
Invitation for 23rd Anniversary of
Democracy Uprising (8.8.88) in Burma

We Burmese Democratic Exiles cordially invite all the people who support  Democracy and Human Rights for Burma to join the 23rd Anniversary of Democracy Uprising (8.8.88) in Burma.

Programme

Date    -    07/08/2011 (Sunday)
Time    -  (02:00 )pm  - (12:00)pm
Venue  -   ST.Thomas’s School,
113, Allum street, Kohimarama, Auckland.

ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးဓါတ်ပုံများ

Friday, July 1, 2011

နတ်လူသာဓုခေါ်စေသောဝ်

စစ်ကိုင်းတိုင်း ကနီမြို့ နယ်။ နတ်ကောင်းစဉ်ရွာ။ ပျဉ်တောရွာ။ ကျောင်းလည်ရွာ၊ ရွှေဘောင်ရွာ၊ ရွာသစ်ကလေးရွာ၊ ဆူးလေကုန်းရွာ၊ ဒဟအိုင်ရွာ၊ ချိုင်စောင့်ရွာ တို့ မှ ပညာသင်ကြားနေကြသော အထက်တန်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား တစ်ထောင်နီးပါး မှ နေ့စဉ် သောက်သုံးရန်အတွက် လှူဒါန်းသာ သောက်ရေအိုးစဉ်။

မယ်တော်၊ ခမည်းတော်တို့ အား အမှူးထား၍

အလှူရှင် အရှင်သြဘာသ (နယူးဇီလန်) ကောင်းမှု

နတ်လူသာဓုခေါ်စေသောဝ်

Thursday, April 14, 2011

၂၀၁၁ ခုနှစ် ရန်ကုန် မန္တလေး နဲ့ နေပြည်တော် သင်္ကြန်မြင်ကွင်း

  
သင်္ကြန်အကျနေ့ တပ်မတော်ခန်းမရှေ့ ယာဉ်မတော်တဆမှုဖြစ် ကိုးဦးဒဏ်ရာရ
 
ရန်ကုန် ဧပြီ ၁၄။
သင်္ကြန် အကျနေ့ ဧပြီ ၁၄ရက်က ရန်ကုန်မြို့ ဦးဝိစာရလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ ကားပေါ်ပါသူ ကိုးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
ယနေ့ နံနက် ၁၀နာရီခွဲခန့်တွင် ဦးဝိစာရလမ်းအတိုင်း မောင်းနှင်လာသော ဆန်းထွန်းအင်ဂျင်နီယားရင်းလုပ်ငန်းပိုင် လိုက်ထရပ်ကားတစ်စီးသည် လမ်းပေါ်တွင် စလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ တပ်မတော်ခန်းမရှေ့ရှိ သံတံခါးတိုင်ကို ၀င်ရောက်တိုင်မိခဲ့သည်။ ကားခေါင်းပိုင်းတစ်ခုလုံး ကြေမွပျက်စီးသွားပြီး ကားပေါ်ပါ သူများ အားလုံး ထိခိုက်ဒဏ်ရာရသွားကြောင်းသတင်းရရှိသည်။
`ကားခေါင်းခန်းပါတဲ့ နှစ်ယောက်ကတော့ အတော်အခြေအနေဆိုးတယ်ဗျ`ဟု မျက်မြင်သက်သေတစ်ဦးက သင်္ကြန်သတင်းအဖွဲ့ကိုပြောပြသည်။
ဒဏ်ရာရသူအားလုံးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ဆေးကုသမှုခံယူစေပြီး သက်ဆိုင်ရာက ဥပဒေကြောင်းအရ အမှုဖွင့်အရေးယူထားကြောင်း စုံစမ်းသိရှိရသည်