Saturday, March 31, 2012

၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်းအချို့ ၏ ကိုယ်ရေးအကျဉ်း

ဒေါ်အောင်ဆန်းစုကြည်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
ကော့မှူးမြို့နယ်

မွေးသက္ကရာဇ် - ၁၉-၆-၁၉၄၅
ပညာအရည်အချင်း - နယူးဒေလီရှိ လေဒီရှရီရမ်ကောလိပ်မှ နိုင်ငံရေးဘာသာဖြင့် ဘွဲ့ဒီဂရီရှိခဲ့၊ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုခ်ျကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေးဘာသာတွဲဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့၊ ၁၉၈၅-၁၉၈၆ ခုနှစ်တွင် ဧည့်ပညာရှင်အဖြစ်နှင့် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှ သုတေသနဌာနသို့ သွားရောက်ခဲ့၊ ၁၉၈၇ခုနှစ် မှ ၁၉၈၈ ခုနှစ်အထိ Simla ရှိ အိန္ဒိယ အဆင့်မြင့် ပညာဆည်းပူးရာဌာန၌ သုတေသနပြုလုပ်ခဲ့၊ နိုဗယ်လ်ဆု အပါအ၀င် ဂုဏ်ထူး ဆောင် ဆုတံဆိပ် မြောက်များစွာရရှိခဲ့။
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
မဲဆန္ဒနယ် - ကော့မှူးမြို့နယ်


နိုင်ငံရေးအတွေ့အကြုံ -

၁၉၆၉ ခုနှစ်မှ ၁၉၇၁ ခုနှစ်ထိ ဘူတန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အကြံပေးအရာရှိ အဖြစ်လည်းကောင်း၊ ၁၉၇၂ ခုနှစ်၌ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် အုပ်ချုပ်ရေးနှင့် ဘတ်ဂျက်ဌာန အကြံပေးကော်မတီတွင် လက် ထောက် အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့။

၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် လူထု ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ဖွဲ့စည်း ထူထောင်ခဲ့ပြီး အထွေထွေ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရရှိခဲ့။ ယင်းနောက် နေအိမ် အကျယ်ချုပ်များဖြင့် ၁၅ နှစ်ခန့် ထိန်းသိမ်းခံရ၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့တွင် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခဲ့၊ ၂၀၁၂ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းပြီး မှတ်ပုံတင်သောအခါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်အပ်နှင်းခြင်းခံရ။

ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည်

ပြည်သူချစ်တဲ့ အနုပညာရှင်ဆိုတာ ပြည်သူ့ဘက်ကရပ်တည်ပေးရပါတယ်

Monday, March 19, 2012


ပြောင်းဖူးပေါ်မှာ "မ" ဆိုတဲ့စာလုံးကို ရေးပီး မဲဆွယ်ယတြာ လုပ်ဆောင် နေပီဖြစ်တဲ့ ကြံ့ ဖွံ့ ဦးအောင်သိန်း လင်း!! "မပြောင်းဘူး"ဆိုတဲ့သဘောပါ အမြော်အမြင်ကြီးပါပေတယ် အဘ ရယ်!! ဒါနဲ့ ပြောင်းဖူးဆိုတာ ရေနွေး ပွတ်ပွတ်ဆူတဲ့ထဲမှာ “ပြုတ်" ရတာ မဟုတ်လါး?မနက်ဖြန်ဈေးမှာ ပြောင်းဖူးအစိမ်း ၄၈ ဖူးဝယ်ပီး မီးပြင်း ပြင်းနဲ့ ခပ်ကြာကြာ "ပြုတ်"ထားလိုက် အုံးမယ်!! ပြောင်းဖူးဆိုတာ"ကြာကြာပြုတ်" လေ ကောင်းလေဘဲ!!!

ရှင်မဖြု ကျွန်း ပြန်လည် သိမ်းပိုက်ရေး အတွက် စီမံ ချက် ရေးဆွဲ နေစဉ်

Sunday, March 11, 2012

မြန်မာနိုင်ငံက တချို့ စစ်သားများရဲ့ ဘဝ


မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်ရဲ့  ဘတ်ဂျက်ကို အများဆုံးသုံးစွဲနေပေမယ့်၊ ဒီလို အောက်ခြေစစ်သားဘ၀တွေကိုတော့ လှစ်လျှူရှုထားကြတာတော့ မြင်မကောင်းပါဘူးဗျာ။

Tuesday, March 6, 2012

"နအဖစစ်အာဏာရှင်အောက်က စစ်သူတောင်းစား"

ပြည်တွင်းစစ်ထဲ သားကောင်ဖြစ်ရတဲ့ ဘ၀တွေမှာ ၂ဖက်ပါဝင်တိုက်ခိုက်တဲ့ စစ်သားတွေ သူတို့မိသားစုတွေက -အများဆုံး -ထိခိုက်ဆုံးရှုံးခံစားကြရပါတယ်။ တကယ်က စစ်တပ်ထဲ ထမင်းတလုတ်အတွက် ၀င်ကြရသူတွေ များပါတယ်။ ခုလိုဘ၀မျိုးတွေကို လူ့အသိုင်းအ၀ိုင်းက စာနာမှုပေးကြရပါမယ်။(Khun Saing)