Sunday, November 18, 2012
Wednesday, October 17, 2012
အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ အိုဘားမား၏ အထူးလက်ထောက် Ms. Samantha Powerနှင့်အဖွဲ့ ဒေါ်အောင်ဆန်းစု ကြည်အား လာရောက်တွေ့ ဆုံ
Tuesday, September 11, 2012
.မနက်ဖြန်....ဆိုတဲ့.ပါဖော့မန့်.
ဆရာရွှေထူးလွှတ်မြောက်ရေး..နဲ .ကျန်ရှိနေသော.နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေး.အ တွက်..မနက်ဖြန်....ဆိုတဲ့.ပါဖော့မန့်.တခုကို.ပြသနေသော.ဆူးမြင်သိန်း...မန္တလေးမြို..မစိုမ်းရိ ပ်.ကံတက်ကုန်း.ဘုန်းတော်ကြီး.ပညာရေး..သင်တန်းကျောင်း.. ..
Monday, September 3, 2012
ကိုကြီးမင်းကိုနိုင် နှင့် မစုစုနွေး တို့ John Humphrey ဆု ဂုဏ်ပြုလက်မှတ် လက်ခံရယူစဉ် ... ။
ကနေဒါနိုင်ငံအခြေစိုက် Rights & Democracy အဖွဲ့မှ ပေးအပ်သော
John Humphrey ဆုကို ၁၉၉၉ ခုနှစ် ၌ ဒေါက်တာစင်သီယာမောင်နှင့် ပူးတွဲ ရရှိခဲ့သော မင်းကိုနိုင်အား မြန်မာနိုင်ငံ သို့ ခေတ္တရောက်ရှိနေသည့်
ဒေါက်တာသောင်းထွန်းက ဆုတံဆိပ်လာရောက်ပေးအပ်ခဲ့သည်... ။
John Humphrey ဆုကို ၁၉၉၉ ခုနှစ် ၌ ဒေါက်တာစင်သီယာမောင်နှင့် ပူးတွဲ ရရှိခဲ့သော မင်းကိုနိုင်အား မြန်မာနိုင်ငံ သို့ ခေတ္တရောက်ရှိနေသည့်
ဒေါက်တာသောင်းထွန်းက ဆုတံဆိပ်လာရောက်ပေးအပ်ခဲ့သည်... ။
John Humphrey ဆုသည် လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စား၊ ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်ကြသည့် ထင်ရှားသူများကို ရွေးချယ်ပေးအပ်သော ဂုဏ်သိက္ခာမြင့်မားသည့် ဆုတစ်ခုဖြစ်သည်။ထိုဆုကို ၂ဝဝ၆ ခုနှစ်က ရရှိခဲ့သော မစုစုနွေးကိုလည်း ပေးအပ်ခဲ့သည်။
( ၃၊၉၊၂ဝ၁၂ ။ ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ရ
Sunday, September 2, 2012
Wednesday, August 1, 2012
Saturday, July 21, 2012
Friday, July 20, 2012
Wednesday, May 2, 2012
Tuesday, May 1, 2012
Sunday, April 22, 2012
Monday, April 2, 2012
NLD ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရရှိမှု ခေတ်သစ်အစပျိုး
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတာဟာ ခေတ်သစ်တခုရဲ့ အစပဲဖြစ်ပါတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောာင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ပြည်သူတွေရဲ့ အားပေး ထောက်ခံမှုကြောင့် အခုလို အောင်နိုင်မှု ရတာ ဖြစ်တဲ့အတွက် အောင်မြင်မှုအတွက် ၀မ်းသာတဲ့နေရာမှာ ထိန်းထိန်း သိမ်းသိမ်း ရှိရမယ်လို့လည်း NLD ပါတီဝင်တွေကို သတိပေးခဲ့ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နီးပါး အနိုင်ရခဲ့ပြီးတဲ့ နောက်တရက်မှာပဲ ဒေါ်အောာင်ဆန်းစုကြည်က အဲဒီလိုပြောလိုက်တာပါ။ ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းအရပ်က NLD ပါတီ ရုံးချုပ်ကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့ပြီး အဲဒီနေရာတ၀ိုက် အပြည့်အကျပ် စောင့်နေကြတဲ့ လူထုပရိသတ်နဲ့ သတင်းမီဒီယာသမား အများအပြားကို ပြောခဲ့တာ ဖြစ်ပါတယ်။
“ဒါဟာ ခေတ်သစ်တခုရဲ့ အစပျိုးမှုလို့ ကျမတို့ မျှော်လင့်ပါတယ်၊ အဲဒီ နောက် ကျမတို့တိုင်းပြည်ရဲ့ နေ့တဓူဝ နိုင်ငံရေးမှာ လူထုရဲ့အခန်းကဏ္ဍကို ပိုပြီး အာရုံစိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Sunday, April 1, 2012
သမ္မတ ဦးသိန်းစိန် လည်း မဲလာပေးတယ်
Saturday, March 31, 2012
ကော့မှူးက မဲရုံတွေကို လှည့်လည်ကြည့်ရှု အားပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
ကော့မှူးမြို့နယ် ရေကျော်ကျေးရွာ အုပ်စု နောင်လုံရွာတွင် NLDမှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က(၂၁၇) မဲ၊ ပြည်ခိုင်ဖြိုး (ခ) ကြံ့ဖွတ်မှ ဒေါက်တာစိုးမင်းက(၃၇) မဲ၊ ပယ်မဲ (၂) မဲ ဖြင့်မဲရေတွက်ပြီးစီးသွားပြီဖြစ် ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နှင့် အနိုင်ရရှိ။
အမျိုးသားဒီမိုကရေစီအဖွဲ့အား ဆန္ဒမဲထည့်ခဲ့တဲ့ ကျော်သူ
မရမ်းကုန်းမြို့နယ် မဲရုံအမှတ်(၂) နံနက်(၆)နာရီ တွင် မဲစာရင်းအားသေချာစီစစ်၍ မပါသော မဲစာရင်းဝင်မိသားစုများ အတွက် ပြန်လည်ထည့်သွင်းရန်တောင်းဆ
ကျွန်းကလေးကျေးရွာ အာဇီဝမဲရုံ(၂)တွင် မဲပေးနေသော အသက်မပြည့်သူ
မသန္တာအေး
အမည်-မသန္တာအေး
အဖ-ဦးတင်အောင်
ိနိုင်ငံသားအမှတ်-၁၂/ လကန(နိုင်) ၂၂၉၇၇၁
မွေးသက္ကရာဇ်-၁၄.၈.၁၉၉၈
နေရပ်လိပ်စာ-ရွှေနှင်းဆီရပ်ကွက်
ဆန္ဒမဲအမှတ်-၁၆၆၇
မဲပေးရန်ခိုင်းစေသူ-ဦးနေဝင်း(ကြံ့ဖွံ့ စည်းရုံးရေးမှူး)
မဲရုံမှူး-ဒေါ်ညွန့်ရီ
မြန်မာပြည်မှာ ခလေးအခွင့်အရေးတွေရနေပြီထင်တယ်။ အသက်မပြည့်လည်ူ မဲပေးနိုင်တယ်တဲ့။
၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်းအချို့ ၏ ကိုယ်ရေးအကျဉ်း
ဒေါ်အောင်ဆန်းစုကြည်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
ကော့မှူးမြို့နယ်
မွေးသက္ကရာဇ် - ၁၉-၆-၁၉၄၅
ပညာအရည်အချင်း - နယူးဒေလီရှိ လေဒီရှရီရမ်ကောလိပ်မှ နိုင်ငံရေးဘာသာဖြင့် ဘွဲ့ဒီဂရီရှိခဲ့၊ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုခ်ျကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေးဘာသာတွဲဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့၊ ၁၉၈၅-၁၉၈၆ ခုနှစ်တွင် ဧည့်ပညာရှင်အဖြစ်နှင့် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှ သုတေသနဌာနသို့ သွားရောက်ခဲ့၊ ၁၉၈၇ခုနှစ် မှ ၁၉၈၈ ခုနှစ်အထိ Simla ရှိ အိန္ဒိယ အဆင့်မြင့် ပညာဆည်းပူးရာဌာန၌ သုတေသနပြုလုပ်ခဲ့၊ နိုဗယ်လ်ဆု အပါအ၀င် ဂုဏ်ထူး ဆောင် ဆုတံဆိပ် မြောက်များစွာရရှိခဲ့။
ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
မဲဆန္ဒနယ် - ကော့မှူးမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ -
၁၉၆၉ ခုနှစ်မှ ၁၉၇၁ ခုနှစ်ထိ ဘူတန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အကြံပေးအရာရှိ အဖြစ်လည်းကောင်း၊ ၁၉၇၂ ခုနှစ်၌ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် အုပ်ချုပ်ရေးနှင့် ဘတ်ဂျက်ဌာန အကြံပေးကော်မတီတွင် လက် ထောက် အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့။
၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် လူထု ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ဖွဲ့စည်း ထူထောင်ခဲ့ပြီး အထွေထွေ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရရှိခဲ့။ ယင်းနောက် နေအိမ် အကျယ်ချုပ်များဖြင့် ၁၅ နှစ်ခန့် ထိန်းသိမ်းခံရ၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့တွင် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခဲ့၊ ၂၀၁၂ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းပြီး မှတ်ပုံတင်သောအခါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်အပ်နှင်းခြင်းခံရ။

Monday, March 19, 2012
ပြောင်းဖူးပေါ်မှာ "မ" ဆိုတဲ့စာလုံးကို ရေးပီး မဲဆွယ်ယတြာ လုပ်ဆောင် နေပီဖြစ်တဲ့ ကြံ့ ဖွံ့ ဦးအောင်သိန်း လင်း!! "မပြောင်းဘူး"ဆိုတဲ့သဘောပါ အမြော်အမြင်ကြီးပါပေတယ် အဘ ရယ်!! ဒါနဲ့ ပြောင်းဖူးဆိုတာ ရေနွေး ပွတ်ပွတ်ဆူတဲ့ထဲမှာ “ပြုတ်" ရတာ မဟုတ်လါး?မနက်ဖြန်ဈေးမှာ ပြောင်းဖူးအစိမ်း ၄၈ ဖူးဝယ်ပီး မီးပြင်း ပြင်းနဲ့ ခပ်ကြာကြာ "ပြုတ်"ထားလိုက် အုံးမယ်!! ပြောင်းဖူးဆိုတာ"ကြာကြာပြုတ
Sunday, March 11, 2012
မြန်မာနိုင်ငံက တချို့ စစ်သားများရဲ့ ဘဝ
မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်ရဲ့  ဘတ်ဂျက်ကို အများဆုံးသုံးစွဲနေပေမယ့်၊ ဒီလို အောက်ခြေစစ်သားဘ၀တွေကိုတော့ လှစ်လျှူရှုထားကြတာတော့ မြင်မကောင်းပါဘူးဗျာ။
Wednesday, March 7, 2012
Tuesday, March 6, 2012
"နအဖစစ်အာဏာရှင်အောက်က စစ်သူတောင်းစား"
ပြည်တွင်းစစ်ထဲ သားကောင်ဖြစ်ရတဲ့ ဘ၀တွေမှာ ၂ဖက်ပါဝင်တိုက်ခိုက်တဲ့ စစ်သားတွေ သူတို့မိသားစုတွေက -အများဆုံး -ထိခိုက်ဆုံးရှုံးခံစားကြရပါတယ်။ တကယ်က စစ်တပ်ထဲ ထမင်းတလုတ်အတွက် ၀င်ကြရသူတွေ များပါတယ်။ ခုလိုဘ၀မျိုးတွေကို လူ့အသိုင်းအ၀ိုင်းက စာနာမှုပေးကြရပါမယ်။(Khun Saing)
Monday, March 5, 2012
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်း အတွင်းမှ ပြည်သူလူထုအား ဒေါ်အောင်ဆန်းစုကြည်ဟောပြော
Monday, February 27, 2012
Thursday, February 23, 2012
Tuesday, February 14, 2012
Sunday, February 12, 2012
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့  ရုံးခန်းဖွင့်လှစ်ခြင်း အခမ်းအနား (မှတ်တမ်းဓါတ်ပုံ)
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့၏ ရုံးခန်းဖွင်ပွဲအခမ်းအနားကို ယနေ့ ၁၃ ရက်နေ့ နံနက် ရှစ်နာရီခွဲတွင် ဓမ္မစေတီလမ်း၌ ကျင်းပပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ရုပ်ရှင်လောကသားများ၊ အရှင်ဆန္ဒာဓိက ၊ နိုင်ငံရေးသမားများ တက်ရောက်ခဲ့ကြသည်။ (ဓာတ်ပုံ-ဥက္ကာကိုကို)
Wednesday, February 8, 2012
Monday, February 6, 2012
Sunday, January 29, 2012
Tuesday, January 17, 2012
Subscribe to:
Posts (Atom)